Mekong-Lancang Cooperation Special Fun Project(2020) မှ"Food Innovation Center ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းနှင့်တန်ဖိုးမြှင့်သစ်သီးခြောက်ထုတ်ကုန်များ ပြုလုပ်ခြင်းနည်းစဉ်များသင်တန်းပို့ချခြင်း၊Regional Workshop for Deep Drying Process of Fruits ကျင်းပခြင်း" များအား ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိသည့် “Food Innovation Center ဖွင့်ပွဲအခမ်းအနား" ကို ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက် (၉) နာရီတွင် ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ Food Innovation Center ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor H.E.Dr.Zheng Zhihong၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းဇေယျာထွန်း တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်