စားသောက်ကုန်ပစ္စည်းဓာတ်ခွဲခန်းမွမ်းမံခြင်း ကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းပစ္စည်းကျွမ်းကျင်သူများနှင့်ညှိနှိုင်းဆွေးနွေးပွဲအား ၂၀၂၃ခုနှစ်မတ်လ ၂၀ ရက်နေ့တွင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(ရန်ကုန်)ရှိ စုဝေးခန်းမတွင်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ စားသောက်ကုန်လုပ်ငန်းအထောက်အကူပြုဓာတ်ခွဲခန်း ၊(UMFCCI)မှ ဦးစိန်သောင်းဦး(ဥက္ကဌ)၊အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာခင်ချစ်( ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ အစိုးရနှင့်ပုဂ္ဂလိကဓာတ်ခွဲခန်းများမှတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက် ခဲ့ကြပါသည်။အဆိုပါဆွေးနွေးပွဲတွင်သုတေ သနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှအဖွင့်အမှာစကားပြောကြားပြီး ဤဆွေးနွေးပွဲအားမဲခေါင်-လန်ချန်းပူပေါင်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်းဖြင့်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာန၊ အစာအာဟာရဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါက်တာသဇင်ဟန်မှစီမံကိန်းလုပ်ငန်းများအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာခင်ချစ်( ဥက္ကဌ၊Myanmar Food Laboratory Network)မှ မြန်မာ့အစားအသောက်ဓာတ်ခွဲခန်းအသွင်အပြင်နှင့်ရှိရမည့်အရည်အသွေးများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်စန်းစန်းမြင့် ( ဓာတ်ခွဲခန်းမန်နေဂျာ၊စားသောက်ကုန်လုပ်ငန်းအထောက်အကူပြုဓာတ်ခွဲခန်း၊ UMFCCI) မှမြန်မာနိုင်ငံတွင်အစားအသောက်ဓာတ်ခွဲခန်းအတွက်ထပ်မံလိုအပ်နေသည့်ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါက်တာကြူကြူလှိုင် (ဒုတိယညွှန်ကြားရေးမှူး၊SSID)မှအစားအသောက်ဓာတ်ခွဲခန်းနှင့် MSMEs လုပ်ငန်းများအတွက်လိုအပ်ချက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ Food Analysis Control Centre အတွက်ထည့်သွင်းနိုင်မည့်ဓာတ်ခွဲ ခန်းသုံးစက်ကိရိယာပစ္စည်းများနှင့် Layout Plan ခေါင်းစဉ်ဖြင့် First Prime Co.,Ltd ၊ Sci SpecCo., Ltd ၊ Esco Co., Ltd တို့၏ တာဝန်ရှိသူများမှအသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။ဆက်လက်၍သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ အခမ်း အနားသို့တက်ရောက်လာကြသူများအားစားသောက်ကုန်ပစ္စည်းဓာတ်ခွဲခန်းမွမ်းမံခြင်းကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းပစ္စည်းကျွမ်းကျင်သူများ၏ဆွေးနွေးတင်ပြချက်များအပေါ်သိရှိလို သည့်အချက်များရှိပါကဆွေးနွေးမေးမြန်းနိုင်ပါကြောင်းနှင့် အကြံ ဉာဏ်ပေးနိုင်ကြောင်းပြောကြားခဲ့ပြီးဧည့်သည်တော်များမှသိရှိလိုသည်များကိုမေမြန်းခဲ့ရာအစာအာဟာရသုတေသနဌာနမှညွှန်ကြားရေးမှူးဒေါက်တာသဇင်ဟန်မှပြန်လည်းဖြေကြားခဲ့ပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ စားသောက်ကုန်ပစ္စည်းဓာတ်ခွဲခန်းမွမ်းမံခြင်းကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းကျွမ်းကျင်သူများနှင့်ညှိနှိုင်းဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားနေပုံ
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ (ညွှန်ကြားရေးမှူး) ဒေါက်တာသဇင်ဟန်မှစီမံကိန်းလုပ်ငန်းများရှင်းလင်းတင်ပြနေပုံ
ဒေါက်တာခင်ချစ်( ဥက္ကဌ၊ Myanmar Food Laboratory Network)မှ မြန်မာ့အစားအသောက်ဓာတ်ခွဲခန်းအသွင်အပြင်နှင့် ရှိရမည့်အရည်အသွေးများ အားရှင်းလင်းတင်ပြနေစဉ်
ဒေါ်စန်းစန်းမြင့် ( ဓာတ်ခွဲခန်းမန်နေဂျာ၊စားသောက်ကုန်လုပ်ငန်းအထောက် အကူပြုဓာတ်ခွဲခန်း၊ UMFCCI) မှ မြန်မာနိုင်ငံတွင် အစားအသောက်ဓာတ်ခွဲခန်းအတွက် ထပ်မံလိုအပ်နေသည့် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများအားရှင်းလင်းတင်ပြနေစဉ်
ဒေါက်တာကြူကြူလှိုင် (ဒုတိယညွှန်ကြားရေးမှူး၊SSID)မှ အစားအသောက်ဓာတ်ခွဲခန်းနှင့် MSMEs လုပ်ငန်းများအတွက် လိုအပ်ချက်များအားရှင်းလင်းတင်ပြနေစဉ်
Food Analysis Control Centre အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များမှ ဝိုင်းဝန်းဆွေးနွေးအကြံပေးနေပုံ
စားသောက်ကုန်ပစ္စည်းဓာတ်ခွဲခန်းမွမ်းမံခြင်းကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းကျွမ်းကျင်သူများနှင့်ညှိနှိုင်းဆွေးနွေးပွဲ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ
ကုမ္ပဏီများမှ Food Analysis Control Centre အတွက် ထည့်သွင်းနိုင်မည့် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများနှင့် Layout Plan အားရှင်းလင်းတင်ပြနေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်