မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(စီမံကိန်း ၂၀၂၂) ဖြင့်ဆောင်ရွက်သည့် မြန်မာ့သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင် နေပြည်တော်ရှိသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျက နိုင်ငံတော်ရှိကြွယ်ဝပြီးဖြစ်သည့်သဘာဝအရင်းအမြစ်များမှတစ်ဆင့်ဒေသထွက်ကုန်များအကျိုးရှိစွာထုတ်လုပ်ကာသွင်းကုန်အစားထိုး၍ပို့ကုန်များစဉ်ဆက်မပြတ်မြှင့်တင်ထုတ်လုပ်ရေးအမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအဓိကမောင်းနှင်အားများဖြစ်သည့်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်သိပ္ပံနှင့်နည်းပညာရှင်များ၊ သုတေသီများ၊တာဝန်ရှိသူများ၊စွန့်ဦးတီထွင်လုပ်ငန်းရှင်များအားလုံးလက်တွဲညီညီဖြင့်ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင်လိုအပ်သည့်သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီ ထွင်မှုဆိုင်ရာအရည်အချင်းပြည့်မီသည့်လူ့စွမ်းအားအရင်းအမြစ်များစဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် ၊လက်ရှိပညာရှင်ကြီးများကမျိုးဆက်သစ်လူငယ်များအားမွေခံထိုက်စေဖြစ်စေရေး၊မြေတောင်မြှောက်ပေးကာနိုင်ငံတ ကာစွန့်ဦးတီထွင်နည်းပညာပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့်နိုင်ငံဂုဏ်ဆောင်ဆုများဆွတ်ခူးရရှိစေရေးအလေးထားဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးနှင့်စက်မှုကဏ္ဍများဖွံ့ဖြိုးလာပြီးပြည်တွင်းကုန်ထုတ်လုပ်မှုဆိုင်ရာအရည်အသွေးများတိုး တက်မြင့်မားကာနိုင်ငံတကာဈေးကွက်တွင်ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်စေရန်အတွက်သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုုနည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီသုတေသနရလဒ်များမှနည်းပညာဖြန့်ဝေခြင်းနှင့်နည်းပညာလွှဲပြောင်းခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှရေရှည်တည်တံ့သောစွန့်ဦးတီထွင်ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်လာစေမည့်နည်းလမ်းများ၊နိုင်ငံတော်တွင်ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်စေရန်သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုုတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းအတွက်အထောက်အပံ့ကောင်းများရရှိမည်ဟုယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ မြန်မာ့သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကားပြောကြားနေပုံ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးမှ မြန်မာ့သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းနှင့်ပတ်သက်၍ဆွေးနွေးပြောကြားနေပုံ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ မြန်မာ့သိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းနှင့်ပတ်သက်၍ဆွေးနွေးပြောကြားနေပုံ
မြန်မ့ာသိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအမှတ်တရစုပေါင်:မှတ်တမ်းဓါတ်ပုံ
မြန်မ့ာသိပ္ပံ၊နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ Round Table Discussion ပြုလုပ်နေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်