တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ASEAN Secretariat တို့ပူးပေါင်း၍ “တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲ”အား ၂၀၂၂ခုနှစ်၊ (အောက်တိုဘာလ မှ ဒီဇင်ဘာလ)အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
(၁) ပြိုင်ပွဲ၏ ရည်ရွယ်ချက် -
- သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်
- တရုတ်နှင့် အာဆီယံဒေသတွင်း ဆန်းသစ်တီထွင်မှု စွမ်းရည်ကိုမြှင့်တင်ရန်
- မျှဝေသောအနာဂတ်ဖြင့် တရုတ် - အာဆီယံ အသိုက်အဝန်းကို ပိုမိုခိုင်မာလာစေရန်
(၂) ပြိုင်ပွဲ၏ Theme
“မျှဝေသော အနာဂတ်အတွက် ဆန်းသစ်တီထွင်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း” (Innovation Cooperation for a Shared Future)
(၃) ပြိုင်ပွဲကျင်းပရေး ကော်မတီ
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန၊
- သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံကော်မတီ (ASEAN COSTI)
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်နည်းပညာစက်မှုဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန
- Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ သိပ္ပံနှင့်နည်းပညာဌာန (တရုတ်-အာဆီယံ နည်းပညာ လွှဲပြောင်းရေး စင်တာ-CATTC)
- Guangxi စက်မှုနည်းပညာတက္ကသိုလ်
(၄) ပြိုင်ပွဲအချိန်ဇယား
၁။
|
မှတ်ပုံတင်ခြင်းနှင့် အကဲဖြတ်ခြင်း
(Registration and Evaluation)
|
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈)ရက် မှ စက်တင်ဘာလ (၃၀)ရက်နေ့ထိ
|
၂။
|
အရည်အချင်းပြည့်မီကြောင်းအတည်ပြုခြင်း
(Eligibility Confirmation)
|
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်
|
၃။
|
ပဏာမရွေးချယ်ခြင်း (Initial Selection)
|
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ
|
၄။
|
ဆီမီးဖိုင်နယ် (Semi-final)
|
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ
|
၅။
|
ဖိုင်နယ် (Final)
|
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ
|
(၅) Registration
-
- Period: ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈)ရက်မှ စက်တင်ဘာလ (၃၀)ရက်နေ့ထိ
- Deadline for registeration: ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်
- Official website for registration: www.caiec.cattc.org.cn
- Registration ပြုလုပ်ရာတွင် ပူးတွဲပါရှိရမည့်အချက်များ
-
- Registration Form (Team Groups/ Enterprise Group)
- Participation Commitment Letter (Team Groups/ Enterprise Group)
- ID card (Front side/Back side) or Passport’s First Page (scanned copy)
- Business Plan
- Business license (scanned copy)
- Power Point Presentations
- Other Supplementary materials
- အချက်အလက်များပြင်ဆင်ရာတွင် Scoring rubric အရအောက်ပါအချက်များ ပါဝင်သင့်ပါ သည်-
- Technologies & Production
- Business model & Implementation plan
- Industry & Market
- Group situation
- Financial analysis
- အဖွဲ့တစ်ခုစီတွင် အဓိကအဖွဲ့ဝင် အနည်းဆုံး(၃)ဦး ရှိရပါမည်။
- website တွင် စာရင်းသွင်းရန် အဆင်မပြေပါက registration form အား download ပြုလုပ်၍ အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍ email: caiec2022@vip.163.com သို့ ပေးပို့နိုင်ပါ သည်။
- အီးမေးလ် Subject တွင် "CAIEC registration-project name-contact person" ထည့်သွင်း ဖော်ပြပေးရမည် ဖြစ်ပါသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျှောက်ထားမည့် လုပ်ငန်းအဖွဲ့များ၊ အသင်းအဖွဲ့များသည် CAIEC website (www.caiec.cattc.org.cn) တွင် register ပြုလုပ်လျှောက်ထားပြီးပါက အမည်စာရင်းအား သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ email: driheadoffice123@gmail.com ၊ greenrose.lwin @gmail.com တို့သို့ ပြန်လည်ပေးပို့ပေးနိုင်ပါရန် နှင့် သိရှိလိုသည်များရှိပါက ဖုန်း (၀၉ - ၄၃၁၅၀၅၄၅ ၊ ၀၁ - ၆၆၅၂၉၂) သို့ ဆက်သွယ်နိုင်ပါသည်။ (၆) ပါဝင်ယှဉ်ပြိုင်နိုင်သောနယ်ပယ်များModern Agriculture: ခေတ်မီလယ်ယာ စိုက်ပျိုးရေး၊ သစ်တော၊ တိရစ္ဆာန်မွေးမြူရေး နှင့် ရေလုပ်ငန်း ကဏ္ဍများ၊ ဇီဝလောင်စာစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးချရေး
Digital Economy: ဒစ်ဂျစ်တယ်ထုတ်ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှု
Biomedicine and Health: ဇီဝဆေးဘက်ဆိုင်ရာလုပ်ငန်းများ၊ ဇီဝဆေးပညာ အင်ဂျင်နီယာ လုပ်ငန်းများ၊ ဇီဝစိုက်ပျိုးရေးနှင့် ဆက်စပ်စက်မှုလုပ်ငန်းများ၊ ဇီဝလောင်စာ စွမ်းအင်လုပ်ငန်း
Energy Conservation and Environmental Protection: စွမ်းအင်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်း ကျင် ကာကွယ်ရေးလုပ်ငန်းများ၊ စွမ်းအင်ချွေတာရေးလုပ်ငန်းများ
(၇) ပြိုင်ပွဲအမျိုးအစားများ
- အသင်းအဖွဲ့များ (Team Groups)
- လုပ်ငန်းအဖွဲ့များ (Enterprise Groups)
- Enterprise Groups
- မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ နောက်ပိုင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာစွန့်ဦးတီထွင်လုပ်ငန်းအဖွဲ့များ၊ MSME လုပ်ငန်းများ
- မှတ်ပုံတင် အရင်းအနှီးသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းထက် မပိုသော လုပ်ငန်းများ
- ၂၀၂၁ ခုနှစ် တွင် လုပ်ငန်းလည်ပတ်မှု ၀င်ငွေသည် အမေရိကန်ဒေါ်လာ သန်း(၃၀)ထက် မပိုသော လုပ်ငန်းများ
- Team Groups
- နည်းပညာဆန်းသစ်တီထွင်ခြင်းဆိုင်ရာ အောင်မြင်မှုရှိ၍ လက်ရှိတွင် လုပ်ငန်းအဖြစ် စာရင်းမသွင်း ရသေးသည့် စွန့်ဦးတီထွင်အသင်းအဖွဲ့များ၊ နည်းပညာတက္ကသိုလ်များ၊ ကောလိပ်နှင့်သက်မွေး ပညာကျောင်းများ၊ သုတေသနဌာနများမှ လူငယ်လူရွယ်အသင်း အဖွဲ့များ၊ ဘာသာရပ်သက်ဆိုင်သည့် စိတ်ပါဝင်စားသူများ
(၈) ဆုချီးမြှင့်မည့်အစီအစဉ်များ
(က) Enterprise Group
- Competition bonus RMB 50,000 နှင့် ပထမဆု(၁)ဆု
- Competition bonus RMB 30,000 နှင့် ဒုတိယဆု(၃)ဆု
- Competition bonus RMB 10,000 နှင့် တတိယဆု(၆)ဆု
- စုစုပေါင်း (၁၀)ဆု ပေးမည်ဖြစ်ပါသည်။
(ခ) Team Group
- Competition bonus RMB 40,000 နှင့် ပထမဆု(၁)ဆု
- Competition bonus RMB 20,000 နှင့် ဒုတိယဆု (၃)ဆု
- Competition bonus RMB 7,000 နှင့် တတိယဆု(၆)ဆု
- စုစုပေါင်း (၁၀)ဆု ပေးမည်ဖြစ်ပါသည်။
(ဂ) Cooperation Star
- ဆုရရှိသောအဖွဲ့(၁၀)ဖွဲ့အား တစ်ဖွဲ့လျှင် RMB 3,000
(ဃ) Creativity Star
- ဆုရရှိသောအဖွဲ့(၁၀)ဖွဲ့အား တစ်ဖွဲ့လျှင် RMB 3,000
(၉) ဆုရွေးချယ်မှု
(က) ပဏာမရွေးချယ်မှု
- ပဏာမရွေးချယ်မှုကို အချက်အလက်များပြန်လည်သုံးသပ်ခြင်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
- အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ဖြစ်ပါသည်။
(ခ) ဆီမီးဖိုင်နယ်
- "7+5" (7-minute roadshow and 5-minute defense)ဖြင့် on-site နှင့် online ပေါင်းစပ်ယှဉ်ပြိုင် သွားမည်ဖြစ်ပါသည်။
- ဆီမီးဖိုင်နယ်အတွက် On-site ပြုလုပ်မည့်နေရာများ - Nanning (China)၊ Bangkok (Thailand) နှင့် Singapore တို့၌ ကျင်းပမည်ဖြစ်ပါသည်။
- ပြိုင်ပွဲ၏ ဖိုင်နယ်သို့ တက်ရောက်နိုင်သည့် အဖွဲ့များ၏စာရင်းကို အများပြည်သူသိရှိနိုင်စေရန် တရားဝင် ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။
- အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ဖြစ်ပါသည်။
(ဂ) ဖိုင်နယ်
- ဖိုင်နယ်ပွဲစဉ်များကို တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။
- လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့နှင့် အသင်းအဖွဲ့(၁၀)ဖွဲ့ခန့်သည် ဖိုင်နယ်သို့ တက်ရောက်မည်ဖြစ်ပြီး on-site နှင့် online အတူတကွ ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
- ဖိုင်နယ်ပွဲစဉ်များကို လုပ်ငန်းအဖွဲ့များနှင့် အသင်းအဖွဲ့များခွဲ၍ တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ on-site နှင့် online ကျင်းပမည် ဖြစ်ပါသည်။
- ပါဝင်ယှဉ်ပြိုင်သည့် ပရောဂျက်များအားလုံးကို "8+7" (8-minute roadshow and 7-minute defense)ဖြင့် ဆုံးဖြတ်မည် ဖြစ်ပါသည်။
- အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ဖြစ်ပါသည်။
(၁၀) Language (ဘာသာစကား)
ပြိုင်ပွဲ၏တရားဝင်ဘာသာစကားမှာ အင်္ဂလိပ်ဘာသာ ဖြစ်ပါသည်။ လိုအပ်ချက်များနှင့်အညီ registration document များအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် တင်ပြရမည်ဖြစ်ပါသည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်များ၏ Roadshow နှင့် Q&A တို့ကို အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်မည်ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပရေးကော်မတီသည် ဖိုင်နယ်အတွက် EN-CH ဘာသာစကားများကို တပြိုင်နက်တည်း ဘာသာပြန်ဆိုပေးမည်ဖြစ်ပါသည်။
Form 1
Form 2
Form 3
Form 4