အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တွင် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ တွဲဖက်အရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ အမျိူးသားဓါတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှုး ဒေါက်တာမြတ်စိုးအောင်မှ သုံးနှစ်တာတာဝန်ထမ်းဆောင်ခဲ့သည့်အတွေ့အကြုံများနှင့် သတင်းအချက် အလက်များပြန်လည်မျှဝေခြင်းအခမ်းအနားအား ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊နံနက်(၁၀း၀၀ မှ ၁၁း၀၀) နာရီအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ PA systemခန်းတွင် ကျင်းပခဲ့ရာညွှန်ကြားရေးမှူးချုပ် ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှူးများ၊၊ ဌာနတာဝန်ခံများနှင့်အရာထမ်းတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ အဖွင့်အမှာစကားပြော ကြားရာတွင် ဒေါက်တာမြတ်စိုးအောင်အနေဖြင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ တွဲဖက်အရာရှိရာထူးအား ယှဉ်ပြိုင်အရွေးခံပြီး ရယူခဲ့ရပါသဖြင့် ဒေါက်တာမြတ်စိုးအောင်အား ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ဒေါက်တာမြတ်စိုးအောင်မှ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာတွဲဖက်အရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီး အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းနှင့်သက်ဆိုင်သည့်သိရှိလိုသည်များကိုညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တက်ရောက်လာကြသော အရာထမ်းများမှမေးမြန်းခဲ့ကြရာ ဒေါက်တာမြတ်စိုးအောင်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းထွန်းမိုးမှအဖွင့်အမှာစကားပြောကြားနေပုံ
အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ဒေါက်တာမြတ်စိုးအောင်မှ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာတွဲဖက်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများ ကိုရှင်းလင်းတင်ပြနေပုံ
အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း နှင့်သက်ဆိုင်သည့်သိရှိလိုသည်များကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသောအရာထမ်းများမှမေးမြန်းနေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်