သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာန၊ဝန်ထမ်းမိသားစုများ၏မြန်မာသက္ကရာဇ်၁၃၈၅ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို၂၀၂၃ခုနှစ်၊ဧပြီလ(၁၇)ရက်နေ့ညနေ(၄)နာရီတွင်သုတေသနနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာနတွင်ကျင်းပခဲ့ရာအန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှုးချုပ်၊ဒုတိယညွှန်ကြားရေးမှုးချုပ်၊အရာထမ်း၊အမှုထမ်းများနှင့်ဝန်ထမ်းမိသားစု များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင်ကြွရောက်တော်မူလာကြသည့်ဆရာတော်သံဃာတော်များကသုတေသနနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာနတွင် ဘေးဉပဒ်အန္တရာယ်ရန်အသွယ်သွယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး ညွှန်ကြားရေးမှုးချုပ်၊ ဒုတိယညွှန်ကြားရေးမှုးချုပ် နှင့်ဝန်ထမ်းမိသားစုများက ဆရာတော်အရှင်သူ မြတ်တို့ထံ ဆွမ်းဆန်တော်၊ဆီ၊သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထုအစုစုတို့ကိုဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။
ညွှန်ကြားရေးမှုးချုပ်၊ဒုတိယညွှန်ကြားရေးမှုးချုပ်၊အရာထမ်း၊အမှုထမ်းများနှင့်ဝန်ထမ်းမိသားစုများမှပရိတ်တရားနာကြားနေပုံ
သံဃာတော်များမှကမ္မဝါစာများရွတ်ဖတ်နေပုံ
ဝန်ထမ်းမိသားစုများမှပရိတ်တရားနာကြားနေပုံ
ညွှန်ကြားရေးမှုးချုပ်ဒေါက်တာဖြူဖြူဝင်းမှနဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းနေပုံ
ဝန်ထမ်းများမှနဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းနေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်