ဓါတုနည်းပညာသုတေသနဗဟိုဌာနမှ နည်းပညာလွှဲပြောင်းပွဲ အခမ်းအနားအား ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့ မွန်းလွဲ(၂:၀၀ မှ ၄:၁၅ နာရီ)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ကျင်းပခဲ့ရာ ဒေါက်တာဖြူဖြူဝင်း (ညွှန်ကြားရေးမှူးချုပ်)၊ ဒေါက်တာ ဇော်မင်းနိုင်( ဒုတိယညွှန်ကြားရေးမှူးချုပ် ) ၊ ဒေါက်တာထွန်းထွန်းမိုး ( ဒုတိယညွှန်ကြားရေးမှူးချုပ် ) ၊ ဒေါက်တာချိုမင်းဟန်( ညွှန်ကြားရေးမှူး ) ၊ ဒေါက်တာကျော်စိုးလွင် ( ညွှန်ကြားရေးမှူး ) ၊ ဒေါက်တာ သဇင်ဟန် ( ညွှန်ကြားရေးမှူး ) ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှဌာနမှူးများ ၊ သုတေသန ပညာရှင်များ ၊ ရန်ကုန်တက္ကသိုလ်ကုန်ထုတ်ဓါတုဗဒဌာနမှ ဒေါက်တာစိုးစိုးသန်း ( ပါမောက္ခ )၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဦးကျော်ဇေယျ( ညွှန်ကြားရေးမှူး ) ၊ April Four Co., Ltd ၊ Shwe Oak Saung Co.,Ltd ၊ SMYD Co.,Ltd နှင့် ကမ်းဇော်ဆီတိုင်းရင်းဆေးဝါးထုတ်လုပ်ငန်း တို့မှ Managing Director များ ၊ MSME များမှ လုပ်ငန်းရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ဒေါက်တာဖြူဖြူဝင်း( ညွှန်ကြားရေးမှူးချုပ် ) ၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ April Four Co., Ltd ၊ Shwe Oak Saung Co., Ltd ၊ SMYD Co., Ltd နှင့် ကမ်းဇော်ဆီတိုင်းရင်းဆေးဝါးထုတ်လုပ်ငန်း ကုမ္ပဏီများအား နည်းပညာ လွှဲအပ်လွှာများပေ:အပ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်းတို့အားပြုလုပ်ခဲ့ကြပြီး ၊ ကုမ္ပဏီများဘက်မှ ဌာနသို့လှူဒါန်းမှု အတွက်ကျေးဇူးတင်လွှာများ ပေးအပ်ခဲ့ပါသည်။ သုတေသနပညာရှင်များမှလည်း သက်ဆိုင်ရာကဏ္ဍ အလိုက်ပြုလုပ်ထားသော သုတေသနများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များမှသိရှိလိုသည်များမေးမြန်းခဲ့ရာ အစာအဟာရသုတေသနဌာနမှ ဌာနမှူး ၊ ဒေါက်တာသဇင်ဟန်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှနည်းပညာလွှဲပြောင်းပွဲ အခမ်းအနားအဖွင့်အမှာစကားပြောကြားနေပုံ
ဓာတုနည်းပညာဗဟိုဌာန၊ညွှန်ကြားရေးမှူးဒေါက်တာသဇင်ဟန်မှ MSME စီးပွားရေးလုပ်ငန်းရှင်များကိုပေးနိုင်သောနည်းပညာများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားနေပုံ
MSMEလုပ်ငန်းရှင် များအားညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ နည်းပညာလွှဲပြောင်းပေးနေပုံ
နည်းပညာလွှဲပြောင်းပွဲအခမ်းအနားသို့တက်ရောက်လာသော လုပ်ငန်းရှင်များနှင့်ဧည့်သည်တော်များ
နည်းပညာလွှဲပြောင်းပွဲအခမ်းအနားသို့တက်ရောက်လာသော ဧည့်သည်တော်များနှင့်အမှတ်တရစုပေါင်းဓါတ်ပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်