၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် (၁၅-၆-၂၀၂၃) ရက်နေ့မှ (၂၈-၆-၂၀၂၃) ရက်နေ့အထိ ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများကို(Hybrid Mode)ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။
ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများ
(က) နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့အသုံးချသင်တန်း
(ခ) စပါးခွံလောင်စာသုံးဓါတ်ငွေ့ထုတ်စက်နှင့် ဇီဝဓါတ်ငွေ့ကန်တည်ဆောက်ခြင်း အသုံးချသင်တန်း
၂။ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက်အထား မူရင်းနှင့် မိတ္တူများကို တင်ပြရမည်။
(က) |
လျှောက်ထားလိုသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (နိုင်ငံသားစိစစ် ရေးကတ်ပြားမူရင်း/မိတ္တူတင်ပြနိုင်ရမည်။) |
(ခ) |
လျှောက်ထားလိုသူများသည် အနည်းဆုံးအခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ (ပညာရေးဆိုင်ရာ အထောက်အထားမူရင်းတင်ပြနိုင်ရမည်။) |
(ဂ) |
ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက် (မူရင်း) တင်ပြနိုင်သူ ဖြစ်ရမည်။ |
(ဃ) |
သင်တန်းအမျိုးအစားတစ်ခုအတွက် သင်တန်းကြေး ၃၀၀၀၀/- (သုံးသောင်းကျပ်) ပေးသွင်းရမည်။ |
၃။ သင်တန်းချိန်မှာ နံနက်(၁၀ ၀၀) နာရီမှ နေ့လည် (၁၂ ၀၀)နာရီအထိဖြစ်ပြီး (၁၅-၆-၂၀၂၃) ရက်နေ့မှ (၂၈-၆-၂၀၂၃) ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်း ကာလမှာ(၁၀)ရက်ဖြစ်ပါသည်။
၄။ လျှောက်လွှာပုံစံများကို ဤကြော်ငြာပါသည့်နေ့မှစ၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် အခမဲ့ ရယူနိုင်ပြီး သတ်မှတ်ပုံစံများကို ပြည့်စုံစွာဖြည့်စွက်၍ ရုံးချိန်အတွင်း ကိုယ်တိုင်လာရောက် လျှောက်ထားရမည် ဖြစ်ပါသည်။
၅။ လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း/ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)၊ ပတ်စ်ပို့အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။
၆။ အသေးစိတ်အချက်အလက်များသိရှိလိုပါက သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမှတ်(၆)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း- ၀၉၇၇၇၃၂၅၆၇၁ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်