ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(World Intellectual Property Organization-WIPO)က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆုတံဆိပ်အတွက် လျှောက်ထားမှုများအားလက်ခံသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံများထံသို့ အကြောင်းကြားထားပါသည်။
၂၀၂၃ ခုနှစ်အတွက် ဆုတံဆိပ်ရွေးချယ်ရန် ယှဉ်ပြိုင်မှုများအား(၁၆-၁-၂၀၂၃)ရက်နေ့မှ (၃၁-၃-၂၀၂၃)ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာ၊ စိုက်ပျိုးရေး၊တီထွင်ဖန်တီးထား သော စက်မှုလုပ်ငန်းများစသည့် စီးပွားရေးကဏ္ဍအားလုံးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့် ကမ္ဘာတစ်ဝှမ်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs)လျှောက်ထားနိုင်မည်ဖြစ် ပါသည်။ လျှောက်ထားသူများအနေဖြင့် ကုန်အမှတ်တံဆိပ်များ၊တီထွင်မှုများနှင့် ဒေသဆိုင်ရာအညွှန်း တို့နှင့် သက်ဆိုင်သည့် မူပိုင်ခွင့်ဆိုင်ရာများကို အသုံးပြုကာလျှောက်ထားနိုင်မည်ဖြစ်ပါသည်။
ပြိုင်ပွဲတွင်စိစစ်ရွေးချယ်ရေးအဖွဲ့က အနိုင်ရရှိသူ (၇) ဦးအထိ ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများသည် ဇူလိုင်လတွင် ပြုလုပ်မည့်ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ အထွေထွေညီလာခံ (WIPO General Assembly)ကာလအတွင်း ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆုပေးပွဲသို့ တက်ရောက်ရန် ဖိတ် ကြားခြင်းခံရမည်ဖြစ်သည့်အပြင် Personalized WIPO Mentorship Program တစ်ခုအား လက်ခံရရှိမည်ဖြစ်ပါသည်။အသေးစိတ်သိရှိလိုပါက https://www.wipo.int/global-awards/en/ သို့ ဝင်ရောက်လေ့လာနိုင်ပြီး(၁၄-၂-၂၀၂၃)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် မူပိုင်ခွင့်ဦးစီး ဌာန၏ website ဖြစ်သော www.ipd.gov.mm တွင်လည်းကြေညာထားပြီးဖြစ်ပါသည်။
ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆုတံဆိပ် အတွက် မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs)များ အနေဖြင့် လျှောက်ထားနိုင်ပါသည်
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်